Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၆-၃-၂၀၂၃)ရက်နေ့မှ (၁၂-၃-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၈၄.၈၅၀၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန စက်သုံးဆီ ဝယ်ယူရန် တင်ဒါခေါ်ယူခြင်း တင်ဒါအမှတ်(၅/ ၂၀၂၃-၂၀၂၄)

သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့စေရန်နှင့် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းခိုးယူထုတ်လုပ်မှုများ လျော့နည်း ပပျောက်စေရေးတို့အတွက် တရားမဝင်သစ်ခိုးထုတ်မှုများ တားဆီးထိန်းချုပ်ကာကွယ်နိုင်ရန် တာဝန်သိပြည်သူများ၏သတင်းပေးပို့ချက်ရယူ၍ ကွင်းဆင်းဖော်ထုတ် ဖမ်းဆီးအရေး ယူခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းခိုးယူထုတ်လုပ်သယ်ဆောင်မှုများ တွေ့ရှိပါက “Forest Department Myanmar Facebook Page” ၏ “Messenger” တွင် စာ၊ ဓါတ်ပုံ၊ မြေပုံများဖြင့်လည်းကောင်း၊ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ စာ {SMS (သို့မဟုတ်) Viber}ဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်၍ တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
၀၉-၄၀၃၂၇၃၃၇၆
၀၉-၅၀၂၃၂၂၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၅-၆-၂၀၂၃)ရက်နေ့မှ (၁၁-၆-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၈.၄၀၁၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၅.၉၁၅၀)တန်၊ သစ်မာ (၆.၁၅၄၈)တန်၊ အခြား (၇၃.၅၇၇၃)တန်၊ စုစုပေါင်း (၁၅၅.၆၄၇၁)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၃၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၃-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်း(က)ဘိနယ်၊ ပြည်-တောင်ကုတ် ကားလမ်း၊ မိုင်တိုင်အမှတ် (၃၉/၁)မှ တောင်ဘက်သို့ (၂)မိုင်ခန့်အကွာ၊ ဒေသအခေါ် ထုတ်လုပ်ရေးပေါက်၊ သူရဲတန်းကြိုးဝိုင်း၊ အကွက်အမှတ်(၃၀)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၁၄၉)ချောင်း (၂၀.၉၈၁၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅.၀၅၁၄)တန်၊ သစ်မာ (၈.၀၀၈၈)တန်၊ အခြား (၄၇.၆၀၁၄)တန်၊ စုစုပေါင်း (၇၀.၆၆၁၆)တန်၊ ယာဉ်/ ယန္တရား (၁၇)စီး၊ တရားခံ (၂၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၆-၂၀၂၃ ရက်နေ့၊ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း(မ)ဘိနယ်၊ မန္တလေး- မိုးကုတ်ကားလမ်း၊ မိုင်တိုင်(၇၆/၄)၊ ဖော့တောစစ်ဆေးရေးဂိတ်မှ တရားမဝင် အင်ခွဲသား (၆၄၇)ချောင်း (၂၉.၇၆၉၂)တန်၊ (၁၂)ဘီးယာဉ်(၄)စီး၊ တရားခံ(၄)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာန၊ ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအသိပညာပေးခြင်း စီမံကိန်း (Education Project) တွင် အသုံးပြုရန်အတွက် အောက်ဖော်ပြပါ Clarus SQ 8 Mass Spectrometer (၁)စုံ ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်-

သယံဇာတနှင့် သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သစ်တောကြေးမုံစာအုပ်(၂)မျိုး ပုံနှိပ်ရန် တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ်(၁/၂၀၂၃-၂၀၂၄)

Pages