Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပ သော သစ်တောသစ်ပင် နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို(၂၅-၅-၂၀၂၄)ရက်နေ့၊ နံနက် (၁ဝ:၀၀)နာရီ အချိန်တွင် မွေကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ အသိပညာပေး အခမ်းအနားတွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာများအကြောင်း ကို ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်က အသိပညာပေး ဟောပြောပြီး ရာသီဥတုပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိပညာပေးဟောပြောကာ ၂ဝ၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုကလစ်အား ပရိုဂျက်တာဖြင့် ပြသ သည်။ ထိုနောက်အသိပညာ ပေးဟောပြောပွဲသို့ တက်ရောက်လာကြသူများမှ သိရှိလို သည်များကို မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည် ဆွေးနွေးဖြေကြားသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း (၁၂၈) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ဆရာဆရာမများနှင့်ကျောင်းသူကျောင်းသားများက မြို့နယ်သစ် တောဦးစီးဌာန မြို့မပျိုးဥယျာဉ်သို့ သွားရောက်၍အပင်ပျိုး‌ ထောင်ခြင်းများကိုကြည့်ရှု့လေ့လာ ခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကို (၂၆-၅-၂၀၂၄)ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ကန်ကြီးရပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ သစ်ပင်စိုက်ပျိုးပွဲကို မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး၊ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဝန်ထမ်းများ အမျိုးသမီး ရေးရာအဖွဲ့၊ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များကိုအမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများထံပေးအပ်ခဲ့သည်။ ထို့နောက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်၊ ရာသီ ဥတုအပူဒဏ်နှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ကျွန်း၊ ပျဥ်းကတိုး၊ မဟော်မနီ၊ မန်ဂျန်ရှား၊ အော်ရီရှား၊ စိန်ပန်းကြီး၊ ပျဉ်းမ၊ သင်္ကန်းစသည့် အဖိုးတန်နှင့် အရိပ်ရပျိုးပင် စုစုပေါင်း (၁၀၀၀) ပင်ကို တက်ရောက်လာကြသူများက တပျော်တပါး စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

မိုင်းဆတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအား (၂၆-၅-၂၀၂၄)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန်၌ မိုင်းဆတ်မြို့နယ် မိုင်းဆတ်-မိုင်းခုတ်သွား ကားလမ်းဘေး မိုင်းဖုန်းဆရာတော်ကျောင်းဝန်းအတွင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး မိုင်းဆတ်ခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်စား ဒုခရိုင်ရဲမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမော်မော်ကို မိုင်းဆတ်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းနိုင်နှင့် ဝန်ထမ်းများ ခရိုင်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယိအဆင့် မိခငိနှင့်ကလေး ခရိုင်/မြို့နယ်အဆင့် အမျိုးသမိးရေးရာအဖွဲ့များ ခရိုင်/မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ မိုင်းဆတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ မိုင်းဆတ်မြို့နယ် အဖြူရောင်လူငယ်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက် စိုက်ပျိုးခဲ့ပါသည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ(၂၄.၅.၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊အ.ထ.က (ရမ်ပူ) ကျောင်း၌ အရိပ်ရသစ်မျိုး၊ပျိုးပင်( ၁၀၀) ပင်အား ဖြန့်ဝေ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ ရှင်းလင်းဟောပြောခြင်းနှင့် သစ်ပင်များ စနစ်တကျစိုက်ပျိုးနည်းများရှင်းလင်းပြသခြင်း၊ လက်တွေ့ စိုက်ပျိုးပေးခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များဆိုင်ရာ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို)မြို့နယ် အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကျေးရွာ၊ ခမရ ၅၅၇ တပ်ရင်းအတွင်းတွင် (၂၅.၅.၂၀၂၄) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက် ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ တနင်္သာရီမြို့နယ်၊ အမှတ် ၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူတက်ရောက်ပြီး ကံ့ကော်ပင်အား စိုက်ပျိုးခဲ့ပါသည်။ တနင်္သာမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊နှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ပြီး ပျဉ်းကတိုး (၈၅) ပင်၊ မဟော်ဂနီ (၉၁) ပင်၊ စိန်ပန်း (၅၀) ပင်၊ ကံ့ကော်(၅၀) ပင်၊ ခရေ (၇၁) ပင်၊ စုစုပေါင်း (၃၄၇) ပင် အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ (၂၅-၅-၂၀၂၄)ရက်နေ့၊(၀၇:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဂေါက်ကွင်းအတွင်း၌ ၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့် မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲတော်အားကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များမှ ခရေ၊ မဟော်ဂနီ၊ ပုန်းညှက်၊ ကံကော်၊ ပျဉ်းကတိုး၊ စိန်ပန်း၊ ပိတောက်၊ သင်္ကန်းနှင့်မန်ဂျန်ရှားပျိုးပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သစ်တောဦးစီးဌာနဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက် ၌ ကျောင်းသား/ ကျောင်းသူများအား “သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ” ကို (၂၆-၄-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသူရကျော်-၁ က ခါကာဘိုရာဇီရေခဲတောင် ဇီဝမျိုးကွဲများ အကြောင်း လေ့လာသုံးသပ်တင်ပြခြင်းနှင့် ဘားအံခရိုင် ၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ ဦးပုမ်ဇဂင့်နှင့် ဘားအံမြို့နယ်၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းတို့က သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ အသိပညာပေးခြင်းနှင့် သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး အကြောင်း အရာများနှင့် သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး သစ်တောများမှပေးစွမ်း နိုင်သော အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၃၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် သစ်တောဦးစီးဌာနဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား “သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ် ရာ တောင်ကြီးမြို့ခရိုင်ရုံးမှ ဦးစီးအရာရှိ၊ ဦးသူရထိုက်အောင်က သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုလျော့ချရေး ရေဝေရေလဲဒေသ ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်း ဟောပြော ခြင်း၊ တောင်ကြီးမြို့နယ်၊ ဦးစီးအရာရှိ ၊ ဦးမင်းအောင်ကျော်ဦးနှင့် နယ်မြေသစ်တောတာဝန်ခံ တောအုပ်ကြီး၊ ဦးတင်ဆန်းက သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်း ဟောပြောဆွေးနွေးကြပြီး လွယ်တော်သစ်တောပျိုးဥယျာဉ်တွင် ပျိုးထောင်ခြင်းလုပ်ငန်းစဉ် များအား ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Pages