၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၂-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လားရှိုးမြို့မရဲစခန်း၊ သတင်းတပ်ဖွဲ့၊ စ.ရ.ဖ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုးမြို့ရှောင်လမ်း တိုးလ်ဂိတ်တွင် ယာဉ်အမှတ် (SHN- 8G/1591) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူရောင် (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ဓားရွေ) (၃၇)လုံး/တုံး၊ (၄.၂၃၀၆)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

၂၂-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ဆားတောင်ရဲစခန်း နှင် ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်း-ရွှေဘို - မုံရွာကားလမ်း မိုင်တိုင်(၃၁/၇)၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာအနီးတွင် ယာဉ်အမှတ်(3G/9746)တပ်ဆင်ထားသည့် MITSUBISHI အမျိုးအစား ခေါင်းအဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် တမလန်း ဓားရွေ(၁၅)တုံး၊ (၃.၁၀၂၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

၁၈-၂-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်း အကွက်အမှတ်(၁၆)၊ ခန့်မှန်းမြေပုံညွှန်း(Q-380012) နေရာတွင် ယာဉ်အမှတ်(YGN-3J/5802)တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ ခဲရောင်(၄)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၃၀)ချောင်း၊ (၁.၀၄၀၈)တန်အား သိမ်းဆည်းရမိပါသည်။

၂၁-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အကွက်(၂၃၇)၊ ၂၇x၂၈ လမ်းကြား၊ ၉၀x၉၁ လမ်းကြား၊ အနောက်ခင်မကန်ကျောင်းတိုက်၊ ပုပ္ပါးကျောင်းဝန်းအတွင်း ယာဉ်အမှတ်(MDY-1L/7265) တပ်ဆင်ထားသော NISSAN ATLAS အမျိုးအစား၊ အပြာနုရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၆၂)ချောင်း၊ (၀.၇၀၉၄)တန်၊ မြေပြင်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၁၄၅)ချောင်း၊ (၂.၂၆၂၀)တန် သိမ်းဆည်းရမိပါသည်။

၂၂-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်းအကွက်(၄၇)၊ ခန့်မှန်းမြေပုံညွှန်း(A-703748) နေရာတွင် ယာဉ်အမှတ်(5A/6664) တပ်ဆင်ထားသည့် လီဖန်းအမျိုးအစား၊ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၃၄)ချောင်း၊ (၂.၉၇၀၂)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

၂၁-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများသည် ပြည်မြို့နယ်၊ ပြည်-ရန်ကုန် ကားလမ်း၊ မြို့ရှောင်လမ်း၊ မိုင်တိုင်(၃/၄)၊ နီလာရိုးမဆီဆိုင်အနီးတွင် ယာဉ်အမှတ်(BGO/8D- 2857) တပ်ဆင်ထားသည့် CANTER အမျိုးအစား၊ အစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား(တိုင်/မျော)၊ (၄၁၈)လုံး၊ (၂.၇၇၀)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် Center for International Forestry Research (CIFOR) တို့ ပူးပေါင်းကျင်းပသည့် Knowledge Sharing Workshop on REDD+ ဖွင့်ပွဲအခမ်းအနားကို (၂၃-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၈ : ၃၀)နာရီအချိန်တွင် အမရာဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက် အမှာစကားပြောကြားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည် တည်တံ့ရေးထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး တရားမဝင်သစ်ခိုးထုတ်ခြင်း၊ ကုန်သွယ်ခြင်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်အတွင်း(၃၁-၁-၂၀၁၇)ရက်နေ့အထိ တရားမဝင်သစ် စုစုပေါင်း(၄၀၈၂၅) တန် ကိုဖမ်းဆီးရမိခဲ့ပါသည်။

Pages