Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၃.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ကျောက်တံခါးမြို့နယ် ကောလိယချောင်းဘေး ခန့်မှန်း မ.ပ.ည (KV-269883) နေရာတွင် ယာဉ်အမှတ်မပါ HINO အမျိုးအစား အပြာနုရောင် (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား (၂၄) ချောင်း ၊ (၃.၀၄၆၂) တန်အား သိမ်းဆည်းရမိပါသည်။

၅.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန် ထမ်းများနှင့် အမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် အုတ်တွင်းမြို့နယ် ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၀/၁ အနီးတွင် ယာဉ်အမှတ် (8I/1137) တပ်ဆင်ထားသော Super Custom အမျိုးအစားယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၉၄) ချောင်း (၀.၇၉၀၆) တန်အား သိမ်းဆီးရမိပါသည်။

၃.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် ပဲခူးမြို့နယ်၊ တရုတ်လယ်ကျင်း ၊သစ်တောစခန်းတွင် ယာဉ်အမှတ် (၃က/၆၅၈၈) တပ်ဆင်ထားသော HINO အမျိုးအစား (၆) ဘီးယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား (၃၁) ချောင်း၊ (၃.၆၂၅၂) တန်၊ လံထင်း(၂.၈၁၁၆) တန် နှင့်အတူ တရားခံ (၁) ဦး၊ ဝေါလမ်း၊ မိုင်တိုင်အမှတ် (၆၂/၁)နှင့် (၆၂/၂)ကြားတွင် ယာဉ်အမှတ် (YGN-1F/2217) တပ်ဆင်ထားသော FUSO အမျိုးအစား(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၄၅) ချောင်း ၊ (၂.၂၀၈၄) တန်၊ နှင့် တရားခံ (၁) ဦးဖမ်းဆီးရမိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား ဂျပန်နိုင်ငံ (Japan International Cooperation Organization Agency-JICA) မှ SHI SHI DO KENICHI (Senior Deputy Director General) နှင့် အဖွဲ့မှလာရောက်တွေ့ဆုံခဲ့ပါသည်။

၂-၃-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် မှော်ဘီမြို့၊ အနော် ရထာလမ်း၊ အမှတ်(၂)ရပ်ကွက်တွင် ယာဉ်အမှတ်(YGN-6E/3194) တပ်ဆင်ထားသော MPV(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ်(၂၅)ချပ် (၁.၃၁၂၅)တန်အား ဖမ်းဆီးရမိပါသည်။

၂၆-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပကာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ ရွာမုံတောင် ကြိုးပြင်ကာကွယ်တော၊ ပကာကျေးရွာ၏ မြောက်ဘက်(၄)ဖာလုံခန့်အကွာ၊ စီပဒုံး ချောင်းအတွင်း ခန့်မှန်းမြေပုံညွှန်း GA-150508 နေရာအတွင်း တောင်ဟုန်ရွာ၏အရှေ့ တောင်ဘက်(၁)မိုင်ခန့်အကွာ ချပ်ချောင်းဘေးခန့်မှန်းမြေပုံညွှန်း GA-114490 နေရာ တွင် တော်ဟုန်ရွာ၏ အနောက်မြောက်ဘက်(၄)ဖာလုံခန့်အကွာ စီပဒုံးချောင်းအတွင်း ခန့်မှန်းမြေပုံညွှန်း GA-098507 နေရာများတွင် ရွှေမျောစက်တွင် အသုံးပြုသည့် အင်ဂျင်(၂၀)H.P (၁)လုံး၊ (၃၅) H.P (၁)လုံး၊ (၂၅) H.P (၅)လုံး၊ (၁၈) H.P (၁)လုံး၊ စုစုပေါင်း အင်ဂျင်(၈)လုံး၊ ရေလည်ခရု(၂)လုံး၊ ချိန်းပတောက်(၁)ခု၊ ၄" ပိုက် (၅)လုံးနှင့် အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

၁-၃-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်းအကွက်(၂၁)၊ ခန့်မှန်း မြေပုံညွှန်း(V-240573)နေရာမှ တရားမဝင် ကျွန်းခွဲသား(၁၆)ချောင်း၊ (၂.၇၆၁၀)တန် အား သိမ်းဆည်းရမိပါသည်။

၂၈-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဖဒိုရဲစခန်းမှရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-ကျွန်းကုန်းကားလမ်း မိုင်တိုင်(၇၇/၃)အနီ၊ ဖဒိုမြို့၊ ဘိုးပိုက်ဆံ(၄)ရပ်ကွက်တွင် ယာဉ်အမှတ်(8I-4677)တပ်ဆင်ထားသော Super Custom ခဲရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၃၂)ချောင်း၊ (၀.၄၈၇၄)တန်နှင့် အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

Pages