Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အခြေစိုက် Asia Air Survey Co. Ltd., (AAS) တို့ပူးပေါင်းကျင်းပသည့် သစ်တောပြုန်းတီးခြင်း နှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းအတွက် သစ်တော အတန်းစားကျဆင်းမှု ဆန်းစစ်လေ့လာခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၀-၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉ : ဝ၀) နာရီတွင် သစ်တောသုတေသန (စုဝေးခန်းမ) ရေဆင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ဦးကျော်ကျော်လွင် တက်ရောက်အမှာစကားပြောကြားပြီး AAS မှ Mr.Takiro Sano နှင့် Forestry Agency, Japan မှ Mr. Shegike Hata တို့မှ နှုတ်ခွန်းဆက်အမှာစကား အသီးအသီးပြောကြားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်မည့် ဦးစီးအရာရှိများစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၈) ဖွင့်ပွဲ အခမ်းအနားကို ရေဆင်း၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အမှာစကားပြောကြားသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (NEA)တို့ ပူးပေါင်းကျင်းပသည့် ရေဝပ်ဒေသဆိုင်ရာလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး အစည်းအဝေးကို (၃၀-၁-၂၀၁၇) ရက်နေ့၊ နံနက် (၉ : ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

Pages