Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန သည် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝသစ်တောသယံဇာတများ ထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရားမဝင် သစ်တောထွက်ပစ္စည်း ခိုးယူထုတ်လုပ်မှုများ ပပျောက်စေရန် တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိသည့် နည်းလမ်း(၅)ခုဖြစ်သော စီမံချက်ချမှတ်ဖမ်းဆီးခြင်း၊ သတင်းရယူစုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်း၊ ပြည်သူလူထု/ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဖမ်းဆီးခြင်း၊ ပုံမှန်အစီအစဉ်ဖြင့်ဖမ်းဆီးအရေးယူခြင်း၊ ပြည်ပသို့ ခိုးယူသယ်ဆောင်နိုင်သည့်လမ်းကြောင်းများ၌ ပိတ်ဆို့ဖမ်းဆီးခြင်းတို့ကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အခြားဌာန ဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခင်နှစ် ၂၀၁၅- ၂၀၁၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တရားမဝင်သစ်မျိုးစုံ - ၄၆၁၅၃.၀၅၈၄ တန်ဖမ်းဆီးရမိခဲ့ပါ သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပါသည်။

သုတေသနလက်ထောက်(၃)၊ပညာရှင်အဆင့်(၂) ခုံအမှတ်နှင့် ဖြေဆိုခွင့်ရရှိသူများစာရင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၈ ရက်စွဲဖြင့် မြန်မာ့အလင်းသတင်းစာနှင့်ကြေးမုံ သတင်းစာများမှ ခေါ်ယူထားသည့် သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃) (လစာနှုန်း ကျပ် ၁၆၅၀၀၀ - ၂၀၀၀ - ၁၇၅၀၀၀) ရာထူး (၄) နေရာအတွက် လျှောက်လွှာတင်ထားသည့် ပုဂ္ဂိုလ်များကို ရေဆင်း၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်စွဲဖြင့် မြန်မာ့အလင်းသတင်းစာ နှင့်ကြေးမုံသတင်းစာများမှ ခေါ်ယူထားသည့် သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၁၈၀၀၀၀ - ၂၀၀၀ - ၁၉၀၀၀၀) ရာထူး (၇၆) နေရာအတွက် လျှောက်လွှာတင်ထားသည့် ပုဂ္ဂိုလ်များကို သစ်တော တက္ကသိုလ်၊ ရေဆင်းတွင် ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအား ကြည့်ရှုလေ့လာရန် သြဂုတ်လ (၁၈)ရက်နေ့တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံသို့ ခရီးထွက်ခွာခဲ့ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၂:၃၀)နာရီတွင် ရောက်ရှိခဲ့ပြီး၊ (၁၆:၀၀)နာရီတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ စွမ်းအင်နှင့် သတ္တုဝန်ကြီးဌာနရုံး ဧည့်ခန်းမတွင် စွမ်းအင်နှင့် သတ္တုဝန်ကြီးနှင့် တွေ့ဆုံကာ သတ္တုကဏ္ဍ၊ ရေအားလျှပ်စစ် ကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ကိစ္စရပ်များအပေါ် မိမိတို့၏သဘောထားအမြင်များကို ရင်းနှီးပွင့်လင်စွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရုနိုင်း ဒါရုဆလန်နိုင်ငံ၊ မြို့တော် ဘန်ဒါဆရီဘီဂဝမ်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ၂၀၁၆ခုနှစ် သြဂုတ်လ (၃)ရက်မှ (၅)ရက်နေ့ ထိ(၃)ရက် တာကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသ အပူပိုင်းမိုးသစ်တောဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သြဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့ပြီး၊ သြဂုတ်လ(၆)ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သတင်းရရှိသည်။

(၁၇-၈-၂၀၁၆) ရက်နေ့၊ မွန်းလွဲ (၁၄းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင်“ ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သည့်ဆိုးကျိုးများ” ဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Pages