Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၄-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ဦးဆောင်သော အဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ငကြွက်ကုန်းကျေးရွာ ရာအိမ်မှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ရှောပြာဘိနယ်၊ အိုးဘိုချောင်းဝ၊ ငကြွက်ချောင်းဘေးကမ်းနား၊ ထိန်တောကွင်းချောင်းအတွင်း၊ မောင်းဘိချောင်းဘေးနှင့် အိုဘိုကုန်းချောင်းရိုးဘေးတို့၌ တရားမဝင် အခြားသစ်လုံး/ခွဲသား/ လုံးပတ်(၃)အောက်သစ် စုစုပေါင်း (၁၄၈)လုံး/ချောင်း (၂၁.၃၅၁၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၃-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများအဖွဲ့၊ တောင်ဒဂုံမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ဒဂုံမြို့နယ်၊ လှော်ကားလမ်းမကြီး၊ အမှတ်(၁၄၇)ရပ်ကွက်၊ အမှတ် (၂၂၉)ရှိ ဂိုဒေါင် အတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၃၃.၉၆၈၄)တန်နှင့် တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၇-၄-၂၀၂၀)ရက်နေ့မှ (၃-၅-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၄၃.၆၁၂၃)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း (၁၈၄.၃၂၀၂)တန်၊ သစ်မာ (၅၂.၃၄၁၂)တန်၊ အခြား (၂၈၂.၂၈၇၀)တန်၊ စုစုပေါင်း(၅၁၈.၉၄၈၄)တန်၊ တရားခံ(၄၅)ဦး၊ ယာဉ်/ယန္တရား(၃၀)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်း(ခ)ဘိနယ်၊ ညောင်ခြေထောက်ကျေးရွာ၏တောင် ဘက် (၂)ဖာလုံခန့်အကွာ၊ ကြိုးပြင်ခုတ်ကွက်(၁၂၉)အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ သစ်ယာ/အင်သစ်လုံး/ခွဲသား (၃၉၈)လုံး/ချောင်း (၄၈.၇၉၆၈)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

၄-၅-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီးမှ မော်တော်ယာဉ် (၁)စီးနှင့်အတူ တရားမဝင် ကျွန်း(တံခါးရွက်)ဆိုဒ်စုံ (၆၄)ချပ် (၀.၉၁၉၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

(၅-၅-၂၀၂၀)ရက်နေ့ နံနက် (၀၄:၄၅) နာရီတွင်တိုင်းရဲအကူ တပ်ဖွဲ့ မှဒုရဲမှူးကြီး ကျော်မျိုးဟန်၊ကျွန်းလှမြို့ မရဲစခန်းမှဒုရဲအုပ် ယုဝေမင်း(ပါ)၃ဉီး၊ကျွန်းလှ မြို့နယ်သစ်တောမှ တောအုပ် ခင်မောင်စိုး(ပါ)၂ဉီး ၊ ဉီးမောင်နိုင်(အုပ်/မှူး)ကျွန်းလှမြို့ ၊ပျဉ်းမမြိုင်ရပ်ကွက် (ပါ)၂ဉီးတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့ မှ၊ကျွန်းလှမြို့ တောင်ဘက်၊ကျွန်းလှ _ကန့် ဘလူသွားလမ်းနေရာမှတရားမဝင်ပျဉ်းကတိုးခွဲသား (၃၉)ချောင်း (၀.၈၄၃၆)တန်/အင်ခွဲသား(၃၂၄) ချောင်း (၄. ၂၀၉၈)တန်၊ စုစုပေါင်း (၃၆၃) ချောင်း (၅.၀၅၃၄)တန် တင်ဆောင်သယ်ယူလာသည့်သုံးဘီးယာဉ်(၅)စီးအားတရားခံ (၄) ဉီးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး သစ်ခွဲသားများအားကျွန်းလှ မြို့နယ်သစ်တော ဉီးစီးရုံးဝန်းအတွင်းသယ်ယူသိမ်းဆည်းပြီး၊ သုံးဘီးယာဉ်(၅)စီးနှင့်တရားခံများအား မြို့မရဲစခန်းတွင် (ပ-၃၉/၂၀၂၀)၊ သစ်တောဥပဒေ ပုဒ်မ၄၁(က)၊၄၂(က)ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

၄-၅-၂၀၂ဝ ရက်နေ့၌ သစ်တောဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော၀န်ထမ်းများနှင့် ကျွန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဆေးထူး၊ငကြွက်ကုန်း ကျေးရွာ ရာအိမ်မှူး ဦးသန်းမြင့်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ငကြွက် ကုန်း ကျေးရွာအနီး၊ ညောင်ပင်သာချောင်း အတွင်းမှ တရားမဝင်သစ် တင်ဆောင်ထားသော စက်လှေတစ်စီးဖမ်းဆီးရမိခဲ့ပါသည်။
စက်လှေပေါ်မှ အခြားခွဲသား (၈၄၉)ချောင်း (၉.၀၁၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၃-၅-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကမ်းခြေစောင့် တိုက်ရေယာဉ်(၄၂၂)စစ်ရေယာဉ်မှူး ဗိုလ်မှူး ဖြိုးသူရကျော် ဦးစီးသောတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောင်းလုံမြို့နယ်၊ ကျောက်တွင်းကျေးရွာအနီး ကျောက်တွင်းအော်နေရာမှ တရားမဝင် ပိတောက်ခွဲသား (၂၄)ချောင်း (၆.၅၅၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages