Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၃-၅-၂၀၁၉)ရက်နေ့မှ (၁၉-၅-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၈၃.၅၀၁၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “ဒေသခံပြည်သူ ဖွံ့ဖြိုးရေး ပညာပေးအစီအစဉ်” အရ မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောကဏ္ဍ ဆိုင်ရာ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်၊“ဒေသခံပြည်သူ ဖွံ့ဖြိုးရေး ပညာပေးအစီအစဉ်” အရ ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့၌ မှော်ဘီမြို့နယ်၊ သမိဒေါဒယသီလရှင်စာသင်တိုက်မှ အထက်တန်း အဆင့်နှင့် အလယ်တန်း အဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၆)ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ(၄)ဦး စုစုပေါင်း(၁၂၀)ဦးတို့မှ လာရောက် လေ့လာခဲ့ကြပါသည်၊ အစီအစဉ်အရ လေ့လာရေးခရီး လာရောက်ကြသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ မှတ်ပုံတင် စာရင်းရေးသွင်းခြင်း၊ ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)က သစ်တောသစ်ပင်များ၏ အရေးပါပုံအကြောင်း သိကောင်း စရာများ အကြောင်းအား ဆွေးနွေးပြောကြားခြင်း၊ဒေါ်အိစန္ဒီဆက်(ဦးစီးအရာရှိ)က အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသ အဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တည်ထောင်ခြင်း စီမံကိန်းအကြောင်းကို ဆွေးနွေးပြောကြားခြင်း၊တက်ရောက်လာကြသည့် ဆရာ/ဆရာမများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခြင်းအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်း၊ သင်တန်းကျောင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသ ခြင်း နှင့် လေ့လာသူ ဆရာ/ဆရာမများအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက သင်တန်း ကျောင်းအတွင်းသို့ လှည့်လည်ပြသခဲ့ပြီး မေးမြန်းသည်များကို ပြန်လည် ဖြေကြားခြင်း၊ ဆက်လက်၍ ပျိုးဥယျာဉ်နှင့် လေ့ကျင့်ရေးသစ်တောသို့ သွားရောက်လေ့လာခြင်း၊ သင်တန်းကျောင်း ဝန်ထမ်းများက သစ်ပင်များ ပျိုးထောင်ခြင်း၊ မြေဆွေးရောစပ်ခြင်း၊ စိုက်ပျိုးသင့်သည့် အချိန်ကာလနှင့် သစ်ပင်စိုက်ပျိုးနည်း စနစ်များကို လက်တွေ့ ရှင်းလင်းပြသခဲ့ပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက အဖွဲ့လိုက် သစ်ပင်များ လက်တွေ့ စိုက်ပျိုးခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၁၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၃၆၄)ခြေမြန်တပ်ရင်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းနှင့် မဟာမြိုင်ကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် ကညင်သစ် (၆)လုံး (၉.၄၅၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဆပ်သွားအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ သပြာဆိပ်ချောင်းနှင့် ဆားချက်ကလေးချောင်းအတွင်း စက်လှေ(၂)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၃၃၁)ချောင်း (၅၁)တန်ခန့် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၇-၅-၂၀၁၉ ရက်နေ့တွင် ရေကြည်မြို့နယ်နှင့် ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ကြီးချောင်းအနီး၊ ယာဉ် (၂)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၄၃)ချောင်း (၄.၉၃၁၈)တန်၊ တရားခံ (၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး/လက်ထောက်ညွှန်ကြားရေးမှူးတို့၏ သတင်းချပြချက်ဖြင့် ၁၃-၅-၂၀၁၉ ရက်နေ့တွင် ကလောမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းဆည်အတွင်း တရားမဝင်သစ်စက်(၂)လုံး၊ ချိန်းစော(၅)လုံး၊ စက်လှေ(၁)စီး၊ ထော်လာဂျီ(၁)စီးနှင့် တရားမဝင်စကားဝါ/ကညင်သစ်/ခွဲသား (၆၄၉)လုံး/ချောင်း (၂၃.၇၅၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ မြို့အဝင်လမ်းအသုံးပြုခကောက်ခံရေးဂိတ်အနီးတွင် မော်တော်ယာဉ်အမှတ်(1M/2880) MITSUBUSHI CANTER ယာဉ်ပေါ်မှ တရားမဝင်သစ်မာ/အခြားသစ်/တိုင်/ခွဲသား (၁၇၈) လုံး/ချောင်း (၃.၂၀၅၈)တန်၊ ထွန်တံ(၁၆)ချောင်း ယာဉ်(၁)စီးနှင့် အတူ တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လေးမျက်နှာကြိုးဝိုင်းအကွက်(၅၀၊ ၄၉)အတွင်း တရားမဝင်တောင်သရက်ခွဲသား(၆၃) ချောင်း (၁၁.၅၇၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages