Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စား ဦးထွန်းဝေတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင်-ပင်လည်ဘူးသွားကားလမ်းဝဲဘက်တောတွင်းနေရာ၌ မော်တော်ယာဉ်အမှတ်(SGG 9D/8757)UD NISSAN DIESEL(၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင်တမလန်းဓါးရွေ (၇၀)ချောင်း (၁၅)တန်အား ဆိုင်ကယ်(၁)စီးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ကသာမြို့နယ်၊ အလယ်ရွာရေဆိပ်အနီး၊ ရွှေလီမြစ်ဘေး၊ ဖုန်းကုန်းကျေးရွာအနောက်ဘက်(၁)မိုင်ခန့်အကွာ ဧရာဝတီမြစ်ဘေး၊ သက္ကယ်ကျင်းကျေးရွာအနီး၊ ရွှေလီမြစ်ဘေးနေရာတို့၌ တရားမဝင်ကျွန်းသစ်(၆၇)လုံး (၁၁)တန်နှင့် (၃)ပေအောက်ကျွန်းသစ်(၁၃)လုံး (၂)တန်တို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သတ္ထုတွင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ နန့်ခေါင်ဟူးကြိုးဝိုင်းအတွင်း တရားမဝင်အင်ဂျင်(၂၀)လုံး၊ ကျောက်ကြိတ်ခုံ (၆)လုံး၊ ဒိုင်နမို(၉)လုံး၊ အဲယားကွန်ဘက်ဆာ(၃)လုံး၊ လေအိုး(၂)လုံး၊ (၃)တန်ဝင့်(၁)လုံး၊ (၃)ကောင်မော်တာ (၁)လုံးပါဝင်သော တရားမဝင်ရွှေတူးဖော်နေသော တရားခံ(၁၀)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

၉-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ မင်းကင်းမြို့နယ်၊ သံပေါက်ချောင်းဘေး၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင်အင်သစ်/ လုံးပတ်(၃)ပေအောက်အင်သစ် (၂၀)လုံး (၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၉-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စု၊ အေးသာယာကျေးရွာ၏ အရှေ့ဘက်(၃)မိုင်ခန့်အကွာ၊ ဆင်ခေါင်းဆိပ်ငဝန်ချောင်းဘေးမှ တရားမဝင် တောင်သရက်/ယမနေ/ပျဉ်းမ သစ်ခွဲသား (၇၁)ချောင်း (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျှက်ရှိရာ ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်း၊ ငှက်ပျောတောချောက်အနီးနှင့် သင်္ဃန်ချောင်းဘေး နေရာတို့၌ တရားမဝင်အင်/ကညင် ခွဲသား (၁၀၃)ချောင်း (၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ခြံပိုင်ရှင် ဦးကျော်လင်းထွန်း(ခ) ဦးမှတ်ကြီး၏ နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် ကျွန်း/ ပိတောက် ခွဲသားဆိုဒ်စုံ (၂၁၈)ချောင်း (၂၃)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါ သည်။

၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကြိုးဝိုင်းအကွက်အမှတ်(၁၈၂)၊ ထိန်ကူးကျေးရွာ၏အနောက်တောင်ဘက်(၆.၅)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကျွန်းသစ်(၇၇)လုံး (၃၀)တန်နှင့် (၃)ပေအောက်ကျွန်းသစ်(၃)လုံး (၁)ခန့်တို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages