Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌနှင့် OneMap Myanmar နည်းပညာဆိုင်ရာအဖွဲ့တို့၏ 5th MEITI Report ပါ အချက်အလက်များအတွက် Web Application တည်ဆောက်ခြင်းဆိုင်ရာအစည်းအဝေးကို (၄-၉-၂၀၂၀) ရက်နေ့၊ နံနက်(၁၄:၃၀)နာရီ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၄-၉-၂၀၂၀) ရက်နေ့၊ (၀၉:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအပူပိုင်းဒေသနှင့် ပတ်သက်သည့် အဖွဲ့အစည်း(ITTO )တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် “ Enhancing Conservation and Sustainable Management of Teak Forests and Legal and Sustainable wood Supply Chains in the Greater Mekong Sub-region”စီမံကိန်း၏ စီမံကိန်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော တရားဝင်သစ်‌ထောက်ပံ့ပေးနိုင်မှု ကွင်းဆက်ရေရှည် တည်တံ့မှုဆိုင်ရာ အစည်းအဝေးပွဲ ကိုကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က အဖွင့်အမှာစကား ပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများတက်ရောက်ခဲ့ကြပြီး မြန်မာ့သစ်လုပ်ငန်း၊ MFCC ၊ ITTO အဖွဲ့အစည်းများမှကိုယ်စားလှယ်များက (Video Conferencing) ဖြင့်ဆွေးနွေးကြပါသည်

၂-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်အမှတ်(၈၁)၊ ယူးချောင်းမြောက်ဘက်သစ်ဖြူကိုင်းချောင်း နေရာတို့၌ တရားမဝင်ကျွန်းသစ်(၁၈)လုံး (၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့၊ ခလရ(၅)တပ်မှ တပ်မတော်သားများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၄၆/၂)မိုင်၊ ဘိုင်းဒါးကြိုးဝိုင်းအကွက်အမှတ်(၇၅)၊ (၂၅)မိုင်သစ်တောထွက်ပစ္စည်း စစ်ဆေးရေးဂိတ် နေရာ၌ မော်တော်ယာဉ်အမှတ်(NPW 6N/9737) TOYOTA HIACE (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁၀)ချောင်း (၁)တန်အား တရား(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၉-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သထုံမြို့နယ်(တွဲဘက်)ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ သံလွင်တံတား၊ မုတ္တမလုံခြုံရေးဂိတ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၈၇/၇)အနီးတွင် မော်တော်ယာဉ် အမှတ် (BGO 2E/4698) HYUNDAI (၂၂)ဘီး (မီးခိုးရောင်) ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးလျှာထိုးခွဲသား (၁၃၇၆)ချောင်း (၃.၅၂၃၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၆/၁)နှင့်(၆/၂)ကြား ကမ်းကြီးဆိပ်ကျေးရွာအနီး၊ စစ်တောင်းတံတား(မုပ္ပလင်)ရဲကင်းရှေ့နေရာ၌ မော်တော်ယာဉ်အမှတ်(MDY 2G/6971) (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၁)ချောင်း (၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ တမူး-ကလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (92.5 KM နှင့် 93 KM) ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 3C/7612) ယာဉ်ပေါ်မှ တရားမဝင်ကညင်ခွဲသား (၃၉)ချောင်း (၆)တန်၊ Pulsar 180 (ဖြူနက်ကြား)ဆိုင်ကယ်(၁)စီးတို့အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၃၁-၈-၂၀၂၀ ရက်နေ့တွင် ထောက်ပံ့ရေးယာဉ်(၆၁၇)မှ ဗိုလ်ကြီး အောင်ကောင်းမြတ်ထွန်း ဦးစီးသော တပ်မတော်သားများအဖွဲ့သည် ကျွန်းစုမြို့နယ်၊ ဒိုမယ်ကျွန်း၊ ကသာဗျော်အောင်ကမ်းခြေနေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၈၁)ချောင်း (၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages