Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၆/၁)နှင့်(၆/၂)ကြား ကမ်းကြီးဆိပ်ကျေးရွာအနီး၊ စစ်တောင်းတံတား(မုပ္ပလင်)ရဲကင်းရှေ့နေရာ၌ မော်တော်ယာဉ်အမှတ်(MDY 2G/6971) (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၁)ချောင်း (၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ တမူး-ကလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (92.5 KM နှင့် 93 KM) ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 3C/7612) ယာဉ်ပေါ်မှ တရားမဝင်ကညင်ခွဲသား (၃၉)ချောင်း (၆)တန်၊ Pulsar 180 (ဖြူနက်ကြား)ဆိုင်ကယ်(၁)စီးတို့အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၃၁-၈-၂၀၂၀ ရက်နေ့တွင် ထောက်ပံ့ရေးယာဉ်(၆၁၇)မှ ဗိုလ်ကြီး အောင်ကောင်းမြတ်ထွန်း ဦးစီးသော တပ်မတော်သားများအဖွဲ့သည် ကျွန်းစုမြို့နယ်၊ ဒိုမယ်ကျွန်း၊ ကသာဗျော်အောင်ကမ်းခြေနေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၈၁)ချောင်း (၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၈-၂၀၂၀ ရက်နေ့မှ ၁-၉-၂၀၂၀ ရက်နေ့တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မောက္ကတောကျေးရွာအနီး၊ စမြင်ကြီးချောင်းဘေး၊ သံပေါက်ရွာအနီး၊ ရွှေပန်းချောင်းဘေး သံပေါက်ရွာအနီး၊ မြောင်းဇင်းချောင်းဘေးနှင့်စမြင်ငယ်ချောင်းဘေးနေရာတို့၌ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/အင်/ကညင်/ သစ်ယာ/ ဖန်ခါး/ ထောက်ကြန့်သစ်/ ခွဲခြမ်း/ခွဲသား(၁၁၁၀)လုံး/ခြမ်း/ချောင်း(၈၃)တန်၊ ချိန်းဆော(၁)လုံးတို့ အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၁-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စခတ(၅)ရေနီမှ ဗိုလ်ကြီးဝင်းကျော်ကျော် ဦးစီးသော တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်ပျဉ်းကတိုးခွဲသား (၃၉)ချောင်း (၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၅.၉၀၈၄)တန်၊ သစ်မာ (၃၉.၂၆၈၂)တန်၊ အခြား (၂၁၈.၄၈၄၁)တန်၊ စုစုပေါင်း(၃၇၃.၆၆၀၇)တန်၊ တရားခံ(၅၁)ဦး၊ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၈-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဆည်တော်ကြီးဘိနယ်၊ အောက်မတ္တရာတိုးချဲ့ကြိုး ဝိုင်းအကွက်(၆၂)၊ ဆည်ရေစပ်အနီးမှ တရားမဝင် ကျွန်း/ထောက်ကြန့်/အင် သစ်လုံး/ခွဲသား (၈၀)လုံး/ချောင်း (၃၂.၇၆၉၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

၃၁-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြို့မကျေးရွာမြောက်ဘက် (၁.၅)မိုင်ခန့်အကွာနေရာနှင့် မှန်ကုန်းကျေးရွာမြောက်ဘက် (၁)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် အင်ခွဲသား (၂၀၉)ချောင်း (၁၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၁-၈-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ဟန်ထက်-မံကျေးရွာသွားလမ်းဘေးတွင် ယာဉ်အမှတ်၊ 2G/1707 စူပါကာစတန်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၇၉)ချောင်း (၁)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိဘဲ ရပ်ထားသောယာဉ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်၍ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages