Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ 

အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ဖွင့်ပွဲအခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(MICC-2 )၌ ၂-၁၀-၂၀၁၈ ရက်နေ့၊ နံနက် ဝ၉:ဝဝ နာရီတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်အခမ်းအနားကို ၃-၁၀-၂၀၁၈ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။
 

ဦးနေလင်းထွန်း(တောအုပ်ကြီး) စီမံကိန်းနှင့် စာရင်းအင်းဌာနက အီတလီနိုင်ငံ (မြန်မာနိုင်ငံ၏ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးညှိုနှိုင်းမည့်အစည်းအဝေး )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊  ဦးလှမျိုးအောင် (လက်ထောက်ညွှန်ကြားရေးမှူး)သစ်တောသုတေသနဌာနက  အမေရိကန်နိုင်ငံတွင် တက်ရောက်ခဲ့သည့် (Natural Capital Symposium) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးအောင်ဆန်း(လက်ထောက်ညွှန်ကြားရေးမှူး) ဝန်းကျင်သားငှက်ဌာနက လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် (ASEAN Working Group on CITES and Wildlife Enforcement-AWG CITES and WE) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း ဒေါ်ဆွေဆွေထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)သစ်တောသုတေသနဌာနက နီပေါနိုင်ငံတွင် (Expert Consultation Workshop on Hindu Kush Himalayan Mountain Sils) အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကိုရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် စီမံကိန်းလုပ်ငန်း အစီရင်ခံစာပြုစုရေးကော်မတီ(PSC/PRC) အစည်းအဝေးကို (၁-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၁၁:ဝ၀)နာရီတွင်သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် (ဥက္ကဌ စီမံကိန်းလုပ်ငန်းအစီရင်ခံစာပြုစုရေးကော်မတီ) တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ ရေသုတေသနဌာန (NIVA) တို့ဦးဆောင်၍ အခြားဆက်စပ်ဌာနများဖြစ်ကြသော ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့် ပဲခူးမြို့ဒေသခံများ၊ လူမှုအဖွဲ့အစည်းများမှ ပဲခူးမြစ်ဝှမ်းဒေသစီမံအုပ်ချုပ် လုပ်ကိုင်မှုစီမံချက်နှင့် ပတ်သက်၍ ဦးစားပေးအကောင်အထည်ဖော်သင့်သောအချက်များ၊ ထပ်မံဖြည့်စွက်ဆောင်ရွက်သင့်သောအချက်များနှင့် ပဲခူးမြစ်နှင့်ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းသင့်သောနည်းလမ်းများဖော်ထုတ်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

 

နေပြည်တော်ကောင်စီနယ်မြေ/တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၉၀.၀၆၈၆) တန်၊ သစ်မာ (၉၁.၃၄၅၀) တန်၊ အခြား(၁၈၁.၉၈၀၀)တန်၊ စုစုပေါင်း (၃၆၃.၃၉၃၆)တန်၊ တရားခံ (၅၄)ဦး၊ ယာဉ်/ယန္တရား(၅၀) စီးဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက်အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၆-၉-၂၀၁၈ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်ဆန်းကျင်ဘိနယ်တွင် တရားမဝင်အင်ခွဲသား(၈၆၂)ချောင်း(၂၉.၀၄၅၀)တန်၊အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ပါသည်။

၂၄-၉-၂၀၁၈ ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ပါသည်။ 

Training Workshop on Independent Third Party Verification based on  Myanmar Timber Legality Assurance System အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၄-၉-၂၀၁၈ ရက်နေ့၊ နံနက်(၉:ဝ၀)နာရီ်၌ သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)တွင်ကျင်းပပြုလုပ်ခဲ့ရာသစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း တက်ရောက်၍အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။

Pages