Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

လေလံလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို သစ်တောဦးစီးဌာန လားရှိုးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးနှင့် တန့်ယန်းမြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူးရုုံးတို့တွင်(၁၉-၁၁-၁၈)ရက်နေ့မှစ၍ ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ လားရှိုုးမြို့ ဖုန်းဝ၈၂-၂၂၀၃၀၂၁ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Strengthening Forestland Community Tenure Through Policy, Pilots and Law; A Multi- Stakeholder Approach to Change စီမံကိန်းဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေးကို ၁၅-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်း ဥပဒေ (မူကြမ်း)အပေါ် ရရှိထားသည့် အကြံပြုချက်များအား သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူ စကားဝိုင်းဆွေးနွေးပွဲကို ၁၅-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ နွယ်သာကီဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၈.၈၁၆၈)တန်၊ သစ်မာ(၆၆.၁၈၄၆)တန်၊ အခြား(၆၄.၀၄၀၅)တန်၊ စုစုပေါင်း(၁၄၉.၀၄၁၉)တန်၊ တရားခံ(၃၅)ဦး၊ ယာဉ်/ ယန္တရား(၃၁)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊

ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ဝန်ထမ်းအိမ်ရာ၀န်းအတွင်း နေထိုင်လျက်ရှိ သောဝန်ထမ်းများဖြင့်  ဝန်ထမ်းအိမ်ရာလိုင်းရှေ့မျက်နှာစာတွင် ပေါင်းပင်များခုတ်ထွင်ရှင်းလင်း ခြင်း၊ ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ ခြုံနွယ်ပင်များဖယ်ရှားရှင်းလင်းခြင်း၊ ရေဝပ်နေသော လုံးချင်းအိမ်ရာများအနီး ရေနုတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများကို ၇−၁၁−၂၀၁၈ ရက်နေ့နှင့် ၁၀−၁၁−၂၀၁၈ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ပါသည်။

ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်၊ အခြေခံသစ်တောပညာ အထူး(၃)လသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ နို၀င်ဘာလ (၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့ပါ သည်။

Pages