Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၇-၂-၂၀၁၉ ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်နှင့် မင်းလှမြို့နယ်သစ်တောဦးစီးဌာန တို့မှ ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်အနီးဝန်းကျင်နှင့် သိုးဘိုကျေးရွာအုပ်စု၊ သဲကုန်းကြီးကျေးရွာ အနီးဝန်းကျင်တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြား သစ်/ခွဲသား စုစုပေါင်း (၇၉)လုံး/ချောင်း (၁၀.၇၄၉၄)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့်သတင်းပေးပို့ချက် အရ ၇-၂-၂၀၁၉ ရက်နေ့ (၁၆:၄၅)နာရီအချိန်တွင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်မျိုးနိုင် နှင့်သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာသစ်လုပ်ငန်းမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့မမြို့ဖပြည်သူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဘူးခါးချောင်း ဖျားအနီးဝန်းကျင်မှ တရားမဝင် တောင်သရက်ခွဲသား (၉၄)ချောင်း (၁၆.၂၀၉၀)တန်နှင့် မြေထိုးထွန်စက် (၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၈-၂-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကံထွန်း၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးနှင့် ညောင်ကွင်းကြား၊ မြစ်လယ်တွင် ဖားကူးရေယာဉ် (၁)စီးပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၁၅၀)ချောင်း (၂၈.၀၇၆၂)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” အရ မှော်ဘီမြို့ နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောထိန်းသိမ်းရေး တိုးချဲ့ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ် လျက်ရှိပါသည်၊ “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” ၏ ဆဌမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၌ မှော်ဘီမြို့နယ်၊ အခြေခံပညာကျောင်း ပေါင်းစုံမှ ဆရာ/ ဆရာမ (၆၀)ဦးတို့မှ လာရောက် လေ့လာခဲ့ပါသည်၊ အစီအစဉ်အရ လေ့လာရေးခရီး လာရောက်ကြသည့် ဆရာ/ ဆရာမများမှ မှတ်ပုံတင် စာရင်းရေးသွင်းခြင်း၊ ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)က သစ်တောနှင့် သစ်တော၏ အရေးပါပုံအကြောင်း သိကောင်းစရာများ အကြောင်းအား ဆွေးနွေးပြောကြားခြင်း၊ - ဒေါ်အိစန္ဒီဆက်(ဦးစီးအရာရှိ)က အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တည် ထောင်ခြင်း စီမံကိန်းအကြောင်းကို ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာကြသည့် ဆရာ/ဆရာမများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခြင်းအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်း၊ သင်တန်းကျောင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသ ခြင်းနှင့် လေ့လာသူ ဆရာ/ဆရာမများအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက သင်တန်း ကျောင်းအတွင်းသို့ လှည့်လည်ပြသခဲ့ပြီး မေးမြန်းသည်များကို ပြန်လည် ဖြေကြားခြင်း၊ ဆက်လက်၍ ပျိုးဥယျာဉ်နှင့် လေ့ကျင့်ရေးသစ်တောသို့ သွားရောက်လေ့လာခြင်း၊ သင်တန်းကျောင်း ဝန်ထမ်းများက သစ်ပင်များ ပျိုးထောင်ခြင်း၊ မြေဆွေးရောစပ်ခြင်း၊ စိုက်ပျိုးသင့်သည့် အချိန်ကာလနှင့် သစ်ပင်စိုက်ပျိုးနည်း စနစ်များကို လက်တွေ့ ရှင်းလင်းပြသခဲ့ပြီး ဆရာ/ ဆရာမများက အဖွဲ့လိုက် သစ်ပင်များ လက်တွေ့ စိုက်ပျိုး ခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(CMRS) ဖြင့် သတင်းပေးပို့ ချက်အရ ၆-၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးထွန်းလတ် နှင့်သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ.ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ.ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ ကျွန်းဦးရွာ၊ ဦးရွင် ၏ ခြံဝင်းအနောက်ဘက်/ စာသင်ကျောင်းအနီး/ ဇော်ဂျီကျေးရွာ သင်္ချိုင်းအနီး/ ရွာသစ်ကျေးရွာ သင်္ချိုင်းအနီး နေရာတို့မှ တရားမဝင် ကျွန်း/အင်ကြင်း/ပျဉ်းကတိုး သစ်/ခွဲသား စုစုပေါင်း (၃၃.၃၂၀၈)တန်၊ ဒိုင်နာကား(၁)စီး၊ ထော်လာဂျီ(၂)စီး၊ ဆိုင်ကယ်(၄)စီး၊ လက်ကိုင်ဖုန်း(၁)လုံး၊ လက်ဆွဲလွှ(၁)လက်၊ သစ်စက်(၄)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

တရားမဝင်သစ်လုပ်ကိုင်သူများအနေဖြင့် ဆီဘောက်ဆာယာဉ်များဖြင့် ခိုးထုတ်သယ်ဆောင်ခြင်း များ ဆောင်ရွက်နေကြောင်း သတင်းအရ သစ်တောဦးစီးဌာနမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ၈.၂.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင်တွင် ဆီဘောက်ဆာယာဉ်အတွင်း မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိပြီး (၃)ရက်ခန့်အကြာ ယနေ့ ၁၁-၂-၂၀၁၉ ရက်နေ့ (၀၁:၀၀)နာရီအချိန်တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးတိုးဂိတ် အနီးတွင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ယာဉ်အမှတ်6J/7391 (Nissan diesel ဝါဖြူကြား (၂၂)ဘီး) လောင်စာဆီတင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဆီတိုင်ကီ အတွင်း တရားမဝင်ပိတောက်ခွဲသားများနှင့်အတူ၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

၈-၂-၂၀၁၉ ရက်နေ့ (၂၀:၄၀) နာရီအချိန်၊ တွင် ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးပါ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ.ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ.ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ ဗာဂျီးနီးယားဆေးပေါင်းရုံရှေ့တွင်ရပ်တန့်ထားသော YGN -2A -2115 HINO (၆)ဘီး ဆီဘောက်ဆာယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ကျွန်းသစ်များ (၄၈)ခြမ်း (၂.၂၇၅၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ခဲ့ရာ ရဲစခန်းမှ (ပ)၆၆/၂၀၁၉ဖြင့် လက်ခံဆောင်ရွက်လျက်ရှိပါသည်။

၅-၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သရက်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သောအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်းနှင့် အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၂၃)ချောင်း (၉.၆၆၃၈) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages