Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တောများမှရရှိနိုင် သည့် တိုက်ရိုက်နှင့်သွယ်ဝိုက်သောအကျိုးများကို စဉ်ဆက်မပြတ်ခံစားနိုင်ကြစေရန် သစ်တောသယံ ဇာတအရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းနေသကဲ့သို့ တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ယူနေခြင်းများကိုလည်း ပြည်သူလူထု၏ အကူအညီ ရယူ၍ စီမံချက်များချမှတ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်း၊ သစ်မာ နှင့်အခြားသားသစ်မျိုးစုံ (၂၂၅၈၇.၈၄၆၄)တန်၊ မီးသွေး (၁၀၈၈၃.၈၉၇၉)တန်၊ ယာဉ်ယန္တရား (၁၁၅၅)စီးနှင့် သစ်စက်/ အင်ဂျင် (၂၃၂)လုံးအား ဖမ်းဆီးရမိခဲ့ပါသည်။

မြန်မာနိုင်ငံသည် မြောက်ဘက်တွင်တည်ရှိသော ဟိမဝန္တာတောင်တန်းများ၊ တောင် ဘက်တွင် တည်ရှိသော သန္တာကျောက်တန်းများ၊ အနိမ့်ပိုင်းသစ်တောများနှင့် ပေါများကျယ်ပြန့် သော မြစ်၊ ချောင်းများတို့ကြောင့် အမျိုးစုံလင်လှသော ဂေဟစနစ်များနှင့် မြောက်မြားလှစွာ သော ဇီဝမျိုးစုံမျိုးကွဲများဖြင့် ကြွယ်ဝသောနိုင်ငံဖြစ်ပါသည်။ ထို့ပြင် အပူပိုင်းအမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတော၊ အင်တိုင်းတော စသည့်တောမျိုးပေါင်း စုံလင်စွာရှိသည့်အပြင် ယင်းတို့ အတွင်း၌ တောရိုင်းတိရစ္ဆာန်များစုံလင်စွာ မှီတင်းနေထိုင်လျက် ရှိပါ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Institute For International Development - IID မှ Director & Representative ဖြစ်သူ Mr. Joem Kristensen သည် (၁၀-၁-၂၀၁၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

         ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သယံဇာတများဖြစ်သည့် သဘာဝတောများ၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များကို စီမံချက်များချမှတ်၍ ကာကွယ်ထိန်းသိမ်းလျက်ရှိရာ တောဆင်ရိုင်း အကောင်ရေတိုးပွားရေးအတွက် သဘာဝဆင်ထိန်းသိမ်းရေးနယ်မြေများကို တည်ထောင်နေ သကဲ့သို့ ဆင်ပစ်မုဆိုးများကိုလည်း ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီသည် နိုင်ငံတော်၏ လူမှုစီးပွား  ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အချိုးညီဆောင်ရွက်နိုင်ရန် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အား ရေးဆွဲတင်ပြနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ် များချမှတ်၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

          ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရှိ၊ သစ်တောတက္ကသိုလ်သည် လူသားအရင်းအမြစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်(Knowledge- Professionalism-  Service )  ဆောင်ပုဒ်နှင့်အညီ သစ်တောပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပါ သည်။  သစ်တောတက္ကသိုလ်တွင် အဆင့်မြှင့်ပညာ သင်ပို့ချနိုင်ရန် သင်ကြားရေးအထောက်အကူပြု နှစ်ထပ် စာသင်ဆောင်သစ်၊ ကွန်ပျူတာခန်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ တောတွင်းလက်တွေ့ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်များ၊ စာကြည့်တိုက်အဆင့် မြှင့်တင်ပေးမှုများ၊ ခေတ်မီပညာ ရပ်များကို အချိန်နှင့်တစ်ပြေးညီလေ့လာနိုင်စေရန် Internet ဆက်သွယ်ရေးစနစ်များကို

Pages