Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁,၂၆၉ ဧက ရှိသောနယ်မြေကို “သယောကြီးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၅/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာ လိုက်သည်။

၁၉-၂-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါက်တာ ဝေငြိမ်းအေး(ဦးစီးအရာရှိ) ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနက တရုတ်ပြည်သူ့ သမ္မတနိုင်ငတွင် ကျင်းပသည့် သစ်တောဂေဟဗေဒဆိုင်ရာပါရဂူဘွဲ့သင်တန်း နှင့် ဦးသွင်ကိုကိုထွန်း(ဦးစီးအရာရှိ)စစ်ဆေးရေးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပသည့် ရေချိုဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ဒုတိယအကြိမ်မြောက် နည်းပညာကော်မတီ အစည်းအဝေးကို (၁၉-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ သစ်တောဦးစီး ဌာန၊ အစည်းအဝေးခန်းမ(၂)၊ Hybrid တွင် ကျင်းပပြုလုပ်ရာ နည်းပညာကော်မတီ ဥက္ကဌ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ သစ်တော ဦးစီးဌာန တာဝန်ရှိသူများနှင့် မိတ်ဖက်ကော်မတီမှ နည်းပညာကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထား သောလုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁,၃၄၈ ဧကရှိသော နယ်မြေကို “ကျောက် တောင်(၂) ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၄/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာ လိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Asian Forest Cooperation Organization-AFoCO)အထောက်အပံ့ဖြင့် သစ်တောမှီခိုနေထိုင်သူများ၏ လူမှု ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project) ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ (၄)နှစ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံ အုပ်ချုပ်မှုကို အထောက်အကူပြုစေရေးနှင့် သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက် မြင့်မားစေရေးအတွက် သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးတွင် (၁၇-၂-၂၀၂၄) ရက်နေ့မှ (၂၁-၂-၂၀၂၄)ရက်နေ့အထိ ကွန်ပျူတာကိုင် တွယ်အသုံးပြုလျက်ရှိသော သစ်တောဝန်ထမ်း(၂၀)ဦးဖြင့် ဖွင့်လှစ်ပို့ချမည့် GIS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၇-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးက Online မှတစ်ဆင့် သင်တန်းဖွင့်ဩဝါဒ စကားပြောကြားခဲ့ပြီး လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးတင့်ခိုင်၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး၊ ဦးချစ်ဦး(၂) နှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ သင်တန်းဆရာများ၊ သင်တန်းသားများအပါအဝင် စုစုပေါင်း(၃၄)ဦး ပါဝင်တက် ရောက်ကြကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို (၁၄-၂-၂၀၂၄)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါ ဘုရားပွဲတော် ကာလအတွင်း ဘုရားဖူးလာပြည်သူများ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ သစ်တောဦးစီးဌာန၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောမှ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလူထုပညာပေးပြခန်း ပြသဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ သစ်တောဦးစီးဌာနပြခန်းသို့ ဘုရားဖူးလာပြည်သူများဝင်ရောက်၍ စိတ်ဝင်တစားကြည့်ရှုကြကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထား သောလုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း ကျရောက်နေသည့်ဧရိယာအကျယ်အဝန်း ၂,၂၇၅ ဧက ရှိသောနယ်မြေကို “ကျိုက်ပိရွှေသောင်ကွင်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၃/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အတွင်းကျရောက်နေသည့်ဧရိယာအကျယ်အဝန်း ၄,၄၃၅ ဧကရှိသောနယ်မြေကို “ထင်းမယ်ကြိုးပြင် ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း(၆) ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

Pages