၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ (၁၁-၁၁-၂၀၂၅)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် လားရှိုးမြို့၊ ပြည်နယ်သစ်တောဝင်း၊ ချယ်ရီရိပ်သာရှင်းလင်းဆောင်၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ (ပြည်နယ်အဆင့် )အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင် ဦးစိုင်းဝင်းနောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သစ်တောဦးစီးဌာန၊ တွဲဖက်ပြည်နယ်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးမှ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအသုံးအဆောင်ပစ္စည်းများ အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့ပေါ်ရပ်ကွက်(၁၂)ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ဆရာ/ဆရာမ နှင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူများနှင့် သစ်တောဦစီးဌာနမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း တက်ရောက်အင်အား (၁၂၅) ဦး ၊(ကျား ၁၀၈ ဦး+မ ၁၇ ဦး)တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၁၁-၁၁-၂၀၂၅)ရက်၊ အင်္ဂါနေ့၊ ညနေ (၁၅:၀၀) နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ဆန္ဒပြုလွှာများနှင့် ဌာနအလိုက် ဆွေးနွေးတင်ပြမှုများအပေါ်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ (အ.ထ.က)ကျောင်း၊ ခန်းမ၌(၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင်“သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာတောင်သူများ(၁၁)ဦး၊ကျောင်းသား/ကျောင်းသူ(၈၀)ဦး၊ကျား(၂၉)ဦး၊ မ(၆၂)ဦးစုစုပေါင်း (၉၁) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်အနောက်ပိုင်း ခရိုင်သစ်တောဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် က သစ်တောများကပေးစွမ်းနိုင် သောအကျိုးကျေးဇူး၊ မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်း ရင်းများ၊ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေသည့်တောမီးဆိုင်ရာအကြောင်းများ၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု လျှော့ချစေနိုင်မည့်နည်းလမ်းများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ သစ်​တောဦးစီးဌာနမှ (၁၁-၁၁-၂၀၂၅ ) ရက်​နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ် ၊ ပ.လ.န(၁) ​ကျေးရွာခန်းမ၌ ​သစ်​တောနယ်​မြေများနှင့်နီးစပ်သည့် ​ဒေသခံပြည်သူများထံ သစ်​တောပြုစုထိန်းသိမ်းခြင်း​နှင့် တောမီးအန္တရာယ် အသိပညာရရှိ​စေ​​ရေး ရည်ရွယ်၍ " သစ်​တောထိန်းသိမ်း​ရေး ၊ ​​တောမီးကာကွယ်​ရေးနှင့် မီးခိုးမြူ​ငွေ့​​လျှာ့ချ​ရေးဆိုင်ရာ အသိပညာ​ပေး​​ဟော​ပြောပွဲ " (ခရိုင်အဆင့်)ပြုလုပ်ခဲ့ရာ ​​​ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့် ​​ဒေသခံပြည်သူ ( ၅၂) ဦး၊ သစ်​တောဝန်ထမ်း (၁၀) ဦး စုစုပေါင်း( ၆၂)ဦး တက်​ရောက်ခဲ့ပါသည်။​ဟော​ပြောပွဲတွင် မြစ်ကြီးနားခရိုင် သစ်​တောဦးစီးဌာန ၊ လက်​​ထောက်ညွှန်ကြား​ရေးမှူးဦး​စိုးဝင်း​အေးမှ တောမီးကာကွယ်​ရေးနှင့် မီးခိုးမြူ​ငွေ့ ​လျှော့ချ​ရေးအ​ကြောင်းကို လည်း​ကောင်း ၊ မြစ်ကြီးနားမြို့နယ် ​ဦးစီးအရာရှိ ဦးစိုးထိုက်မှ သစ်​တောပြုစုထိန်းသိမ်း​ရေးအ​ကြောင်းကိုလည်း​ကောင်း အသီးသီး အသိပညာ​ပေးဟော​ပြောခဲ့ပြီး တက်​ရောက်လာသူများမှ ​မေးမြန်းမှုများအ​ပေါ် ပြန်လည်​​​ဖြေကြား​ခြင်းဆောင်ရွက်ခဲ့ပါ​​ကြောင်း သတင်းရရှိသည်။

ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၁-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ အခြေခံပညာအထက်တန်းကျောင်း၊ စာကလေးကွင်း၊ ပဲခူးမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က၊ စာကလေးကွင်း၊ ပဲခူးမြို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ (၆)ဦး၊ ကျောင်းသား/ကျောင်းသူများ (၁၅၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၆)ဦး၊ စုစုပေါင်း (၁၆၂)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် အ.ထ.က၊ စာကလေးကွင်း၊ ပဲခူးမြို့၊ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်မြင့်မြင့်ချိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်ဇော်အောင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ဘောပင်များ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ေတာင်ကြီးခရိုင် ၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ (၁၁-၁၁-၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်မှ (၁၀း၃၀) နာရီအချိန်ထိတောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်အခြေခံပညာအထက်တန်းကျောင်း၊ အေးသာသာစက်မှုဇုန်ခန်းမတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်း က "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကိုဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူကျောင်းသား/သူများအား လေထုညစ်ညမ်းမှု၊ မီးခိုးမြူငွေ့အန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှုများအပေါ် သစ်တောများ၏ အခန်းကဏ္ဟကို မေးမြန်းခဲ့ပြီး၊ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများကို အမှတ်တရ ပြန်လည်ပေးအပ်ခဲ့ပြီး နံနက်(၁၀:၃၀) နာရီချိန်တွင် ခရိုင်အဆင့်အသိပညာပေး ဟောပြေပွဲပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ဆရာ/ဆရာမ(၉)ဦး၊ကျောင်းသား/သူ(၁၆၁)ဦး၊ အေးသာယာစက်မှုဇုန် ရပ်မိရပ်ဖ(၅)ဦး၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌပါ (၁၀)ဦး နှင့်သစ်တောဦးစီးဌာနမှ တောင်ကြီးမြို့နယ်မှ ဦးစီးအရာရှိပါသစ်တောဝန်ထမ်း (၁၁)ဦးနှင့် ခရိုင်သစ်တောဝန်ထမ်း ADပါ (၃)ဦးစုစုပေါင်း (၁၉၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊သာယာဝတီခရိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၁-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်၌ သုံးဆယ်၊ အခြေခံပညအထက်တန်း ကျောင်း၊ သာယာဝတီမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ သုံးဆယ်၊အ.ထ.က၊ သာယာဝတီမြို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ (၉)ဦး၊ ကျောင်းသား(၁၂၀)ဦး၊ ကျောင်းသူ (၁၃၅)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၇)ဦး၊ စုစုပေါင်း (၂၇၁)ဦးတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သုံးဆယ်၊အ.ထ.က၊ သာယာဝတီမြို့၊ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်ချိုချိုဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနိုင်မှ သစ်တောထိန်းသိမ်းရေးနှင့် သစ်တောများ ၏ ကောင်းကျိုးများအကြောင်းအရာဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဦးစီးအရာရှိဦးကျော်မိုး မှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက် လာသူများမှ သိရှိလိုသည်များ အပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ ကျောင်းစာကြည့်တိုက်သို့ သာယာဝတီခရိုင်သစ်တောဦးစီးဌာနမှသစ်တော‌ေကြးမုံဂျာနယ် (၄၀)အုပ်ပေးအပ် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊သာယာဝတီခရိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၁-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်၌ သုံးဆယ်၊ အခြေခံပညအထက်တန်း ကျောင်း၊ သာယာဝတီမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ သုံးဆယ်၊အ.ထ.က၊ သာယာဝတီမြို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ (၉)ဦး၊ ကျောင်းသား(၁၂၀)ဦး၊ ကျောင်းသူ (၁၃၅)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၇)ဦး၊ စုစုပေါင်း (၂၇၁)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သုံးဆယ်၊အ.ထ.က၊ သာယာဝတီမြို့၊ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်ချိုချိုဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနိုင်မှ သစ်တောထိန်းသိမ်းရေးနှင့် သစ်တောများ ၏ ကောင်းကျိုးများအကြောင်းအရာဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဦးစီးအရာရှိဦးကျော်မိုး မှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက် လာသူများမှ သိရှိလိုသည်များ အပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ ကျောင်းစာကြည့်တိုက်သို့ သာယာဝတီခရိုင်သစ်တောဦးစီးဌာနမှသစ်တော‌ေကြးမုံဂျာနယ် (၄၀)အုပ်ပေးအပ် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။

Pages