Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၅.၀၇၈၈)တန်၊ သစ်မာ (၆.၈၈၆၇)တန်၊ အခြား (၁၀၁.၆၆၁၃)တန်၊ စုစုပေါင်း (၁၄၃.၆၂၆၈)တန်၊ ယာဉ်/ ယန္တရား (၁၄)စီး၊ တရားခံ (၂၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၂-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဗျင်ကျယ်ဘိနယ်၊ အဆုံဇီးကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၄၆/၂)အနီး၊ ကင်းသာလမ်းခွဲအနီးရှိ ဦးနေထွန်းစိုး ၏ နေအိမ်ခြံဝင်းအတွင်းနှင့် ၎င်းခြံဝင်းကပ်လျက်ရှိ ယာကွင်းစပ်အတွင်း/ ဦးသောင်းရှိန် ၏ သစ်ခွဲသားအရောင်းဆိုင် တို့မှ တရားမဝင် အခြားသစ်လုံး/ခွဲသား/ခွဲခြမ်း (၁၅၆၉) လုံး/ချောင်း/ခြမ်း (၃၉.၇၁၇၉)တန်၊ (၆)ဘီးယာဉ် (၁)စီး၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၃)ဝိုင်း၊ တရားခံ (၂)ဦး ဖမ်းဆီးရမိပါသည်။

၁၃-၂-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါ်ခြူးသဉ္ဇာဏ် (ဦးစီးအရာရှိ) သစ်တောဦးစီးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Hainan ပြည်နယ်၊ Haikou မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့၊ အာရှဒေသအဖွဲ့ဝင်နိုင်ငံ များ၏ ကော်မတီအစည်းအဝေး တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

(၁၀-၂-၂၀၂၄)ရက်နေ့၊ ညနေပိုင်းတွင်သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)၊ ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရောဂါရှာဖွေရေးနှင့်ထိန်းချုပ်ရေးဌာန(အင်းစိန်)မှ ဒေါက်တာဝင်းမြင့်(Htoo Zoo and Garden Business Unit)မှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းနှင့်တာဝန်ရှိသူများလိုက်ပါ၍ ဆင်မကြီး(မိုမို)၏ ကျန်းမာရေးအခြေ အနေနှင့် ကုသပြုစုထားရှိမှု အခြေအနေများ၊ တိရစ္ဆာန်ဥယျာဉ်အတွင်း တိရစ္ဆာန်များထိန်းသိမ်း ထားရှိမှုအခြေအနေများ၊ သဘာဝသမိုင်းပြတိုက်နှင့်တိရစ္ဆာန်ပြပြကွက်များ ပြသထားရှိမှုအခြေအနေများ အားအသေးစိတ်ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)မှ လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

သစ်တောဦးစီးဌာနသည် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization - AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFOCO Model Forest Project)" ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ (၄)နှစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုကို အထောက် အကူပြုစေရေးနှင့် သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက် မြန်မာ နိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းတက်ရောက်လျက်ရှိသော တောခေါင်း အဆင့်သင်တန်းသား (၁၀၆)ဦးအား စံပြသစ်တော တည်ထောင်ခြင်း၏ သဘောတရားများ၊ စံသတ်မှတ် ချက်များနှင့် သဘာဝမြေဩဇာပြုလုပ်ခြင်း လုပ်ငန်းများကို သင်ကြားပို့ချခြင်းနှင့် မြန်မာနိုင်ငံသစ်တော ကျောင်းသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(11-2-2024)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒ/ စီမံကိန်း) ဦးဖေချစ် ဦးဆောင်သောအဖွဲ့သည် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၉၊၃၀) အတွင်း ၂၀၁၉ ခုနှစ် (မိုးရာသီ)၌ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ လှူ ဒါန်းငွေဖြင့် တည်ထောင် စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) ဧက၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀) အတွင်း ၂၀၂၀ ပြည့်နှစ် (မိုးရာသီ) တွင် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှငိများအသင်း လှူဒါန်းငွေဖြင့် တည်ထောင်စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း (၁၀၀) ဧက နှင့် ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀၊၃၃)အတွင်း ၂၀၂၁ ခုနှစ် (မိုးရာသီ)တွင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း လှူဒါန်းငွေဖြင့်တည်ထောင်စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) ဧက တို့၏ ရှင်သန် အောင်မြင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ပါသည်။

သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences-CAS)၊ စစ်ဆောင်ပါးနား အပူပိုင်းရုက္ခဗေဒဥယျာဉ်(Xishuangbanna Tropical Botanical Garden-XTBG) တို့ပူးပေါင်း၍ “မြန်မာနိုင်ငံရှိ ဇိဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်းစီမံကိန်း (FD-CAS Project)” အား ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၅) နှစ်ကြာသက်တမ်းရှိသော နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ နားလည်မှုစာချွန်လွှာအား ဒုတိယအကြိမ်(၅)နှစ် သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄.၀၆၈၀)တန်၊ သစ်မာ (၂၆.၉၁၂၆)တန်၊ အခြား (၅၆.၁၇၈၀)တန်၊ စုစုပေါင်း (၉၇.၁၆၇၆)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၅) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စိုင်းရဘိနယ်၊ စိုင်းရကြိုးဝိုင်း၊ အကွက် အမှတ်(၆၅)အတွင်း၊ ဂုံမင်းမြောင်တောစပ်အနီးနှင့် ကျောက်မဆင်-၂ဘိနယ်၊ ရိုးမကြိုး ပြင်ကာကွယ်တောအတွင်း တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/လုံး ပတ်(၃)ပေအောက်သစ် စုစုပေါင်း (၁၆၁)လုံး/ချောင်း (၁၉.၁၆၁၆) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာအကအဖွဲ့ဝင်( ၁၄၅ )ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းတို့သို့ (၇-၂-၂၀၂၄)ရက်နေ့၊ နေ့လည်( ၁၃:. ၃၀)နာရီအချိန် လာရောက်လေ့လာကြည့်ရူကြရာ သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်းတို့မှ တာဝန်ရှိသူများမှ လိုက်ပါရှင်းလင်းပြသကြကြောင်း သတင်းရရှိသည်။

Pages