၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၀.၅.၂၀၂၆)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ဆင်စုရပ်ကွက်၊ မအူကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မအူကျေးရွာသူ/သား များအားဖိတ်ကြား၍ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၃၅)ဦး တက်ရောက်ခဲ့ပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးယဥ်ဝင်းမှ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ တောမီးလောင်ရသည့် အကြောင်းအရင်းများ၊ တောမီးကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးလုပ်ငန်းများအားဟောပြောခဲ့ပြီးဒေသခံများသိရှိလိုသည်များအား ဆွေးနွေးဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ရေချွေတာသုံးစွဲရေးအသိပညာပေးဟောပြောပွဲကို( ၂၀-၅-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ၌ ထားဝယ်မြို့နယ်၊ ဝဲကျွန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ရာ ဝဲကျွန်းရပ်ကွက်နေ ဒေသခံပြည်သူကျား(၂၉)ဦး၊ စုစုပေါင်း(၂၉)ဦးတက်ရောက်ခဲ့ကြပါသည်။ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးရဲဝင်းအောင်မှရေချွေတာသုံးစွဲရေးခေါင်းစဉ်ဖြင့် ရေသယံဇာတအရင်းအမြစ်များ ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကိုဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် တက်ရောက်သူများအားအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။

(၁၉.၅.၂၀၂၆)ရက်နေ့၊ (၁၀:၀၀)နာ ရီအချိန်၊‌ပေါင်မြို့နယ်၊ပေါင်းရပ် ကွက်၊အခြေခံပညာအထက်တန်း ကျောင်း ၌"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုလွင်ဦး(ပါ) ဆရာ/မများ၊ကျောင်းသား/သူများ၊ ပေါင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲကျော်ယနှင့်ရပ်ကွက်သူ/သားများနှင့် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း (၁၁)ဦး၊ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးသံစဥ်မှူး၊ ကျား (၄၄)ဦး၊မ(၈၀)ဦး၊စုစုပေါင်း(၁၂၄) ဦးတက်ရောက်ခဲ့ကြ ပြီးအဆိုပါဟောပြောပွဲတွင် သထုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးသံစဥ်မှူးမှမီးခိုးမြူငွေ့ညစ်ညမ်း မှုကြောင့်ဖြစ်ပေါ်လာသာနောက် ဆက်တွဲ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များအကြောင်းအားလည်း ကောင်း ဆွေးနွေးဟောပြောခြင်း၊ပညာပေး video clip ပြသခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/ သူများ၊ရပ်ကွက်သူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၁၉.၅.၂၀၂၆)ရက်နေ့၊(၁၃:၀၀)နာရီအချိန်၊သထုံမြို့နယ်၊နောင်ကုလားကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌"သစ် တောထိန်းသိမ်းရေး၊တောမီးကာ ကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲ"ကျင်းပပြုလုပ်ရာဟောပြော ပွဲသို့ နောင်ကုလားကျေးရွာအုပ် ချုပ်ရေးမှူးဦးအောင်မိုး(ပါ)ကျေး ရွာသူ/သားများ ကျား(၄၄)ဦး၊မ(၇) ဦး၊သထုံမြို့နယ်မှ သစ်တောဝန်ထမ်း(၄)ဦး၊စုစုပေါင်း(၅၅)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါ‌ဟောပြောပွဲတွင်သထုံမြို့နယ်၊သစ်တောဦးစီး ဌာနမှတောအုပ်ကြီးဦးဟိန်းဘိုဟန် မှသစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျော့‌ချရေးခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းမှသတင်းရရှိသည်။

(၁၉.၅.၂၀၂၆)ရက်နေ့၊(၁၀:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်း၊ဒီးဒူးကုန်းကျေးရွာအုပ်စု၊ပြည်သာယာကျေးရွာတွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးလင်းလင်းထိုက်မှ *သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ* ကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၂)ဦး၊ ပြည်သာယာကျေးရွာသား (၂၉)ဦး၊ကျေးရွာသူ(၂၇)ဦး၊စုစုပေါင်း (၅၈)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တောအုပ်ဦးလင်းလင်းထိုက်က ကမ္ဘာ့ဂေဟစနစ်အတွက် သစ်တောသယံဇာတနှင့် ရေသယံဇာတများ၏အရေးပါပုံ၊သစ်တောသယံဇာတနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးမှုများ အကြောင်း၊ထိန်းသိမ်းရေး နည်းလမ်းများ၊မီးခိုးမြူငွေ့ အန္တရာယ်နှင့် မီးခိုးမြူငွေ့ လျှော့ချရေးလုပ်ငန်းများ၊ တောမီးထိန်းသိမ်းကာကွယ်ရေးနှင့် Fire Hotsopt ဖြစ်ပေါ်မှု အခြေအနေများ၊ငပုတောမြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောကာကွယ်ရေး၊ရေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

(၁၉.၅.၂၀၂၆)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဘီးလင်းမြို့ကန်သာယာရပ်ကွက်ဓမ္မာရုံတွင်) "ရေချွေတာရေးအသိ ပညာပေးဟောပြောပွဲ" ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ရပ်မိရပ်ဖများရပ်ကွက် နေပြည်သူများ၊ကျား(၁၄)ဦး မ( ၂၄) ဦး၊ သစ်တောဝန်ထမ်း ကျား (၄)ဦး စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ပါကြောင်း၊အဆိုပါဟောပြောပွဲတွင် ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိမှ ရေချွေတာရေး ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး (၁)ဦး၊ ရပ်မိရပ်ဖ(၃)ဦး၊ ကျေးရွာတောင်သူကြီးများ ကျား(၅၃)ဦး၊မ(၂၂)ဦး စုစုပေါင်း(၇၅)ဦး၊ ‌‌ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်စိုး ပါသစ်တောဝန်ထမ်း(၃)ဦး၊ ကော့မှူးမြို့နယ်မီးသတ်ဦးစီးဌာနမှ၊ မီးသတ်ဦးစီးမှူးပါမီးသတ်ဝန်ထမ်း(၂)ဦး စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ပါသည်။ဆွေးနွေး‌​ဟော​ပြောပွဲတွင် ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်စိုး မှ သစ်တောများကပေးစွမ်းနိုင် သောအကျိုးကျေးဇူးများ၊ မြန်မာ နိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်း ရင်းများ၊ ကမ်းရိုးတန်းတစ်လျောက် ဒီရေတောများဖြစ်ပေါ်လာစေရေနှင့် သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေသည့်တောမီး‌လောင်ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ ရိုးပြတ်များ ၊အမှိုက်များ မီးရှို့၍ဖြစ်ပေါ်လာသည့်လေထုညစ်ညမ်းမှုများကြောင့်၊ အပင်များရှင်သန်မှုလျော့နည်းလာခြင်း၊စပါးအထွက်နှုန်းကျဆင်းလာခြင်းအကြောင်းများ၊ Fire Hotspots အကြောင်းများ၊ရိုးပြတ်များ၊ အမှိုက်များအား မီးမရှို့ဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်းများ၊ ရိုးပြတ်များအားထိမ်းချုပ်စနစ်ဖြင့် မီးရှို့ခြင်းများ၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ သီးနှံသစ်တောရောနှောစိုက်ပျိုးရေး မီးဘေးလုံခြုံ ရေးဆိုင်ရာအကြောင်းများ ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၁၇-၅-၂၀၂၆)ရက်နေ့ (၉:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊‌အင်‌‌ေချာင်း‌ေကျးရွာတွင်တောမီးအန္တာရာယ်နှင့်မြူခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး“ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)” ကျင်းပရာ အင်ချောင်းကျေးရွာအနီးဝန်းကျင်မှပြည်သူများ၊သစ်တောဝန်ထမ်းများစုစုပေါင်း (၄၃)ဦး တက်ရောက်ပါသည်။အခမ်းအနားတွင် မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးဝင်း‌ဇော်မှ တောမီးအန္တာရာယ်နှင့်မြူခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

Pages