Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၄.၇.၂၀၁၇ ရက်နေ့ (၁၁:ဝဝ)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား USAID,NASA တို့နှင့်ပူးပေါင်းဆောင်ရွက်နေသော SERVIR-Mekongm ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ Regional Land Cover Monitoring Systerm မှ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မည့် အစီအစဉ်များ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများဆောင်ရွက်ရေးနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်….

၁၄.၇.၂၀၁၇ ရက်နေ့ (၁ဝ:ဝဝ)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား ဂျပန်နိုင်ငံ Oji Asia Packaging Sdn Bhd(Myanmar Branch)မှ Mr. Seiro Tokunaga ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ပုဂ္ဂလိကစို်က်ခင်းတည်ထောင်ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်…

သင်တန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ သစ်တောကဏ္ဍအဆင့်မြင့်နည်းပညာ အသုံးပြုမှုဆိုင်ရာ လုပ်ငန်းများတွင် လူငယ်မျိုးဆက်သစ်များ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာရေးပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သစ်တောပြုန်းတီးခြင်းနှင့် သစ်အတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (REDD+)လုပ်ငန်းစဉ်တွင် သစ်တောဧရိယာများတိုးပွားလာခြင်း၊ လျော့ကျလာခြင်း၊ သစ်တောတစ်ယူနစ် ဧရိယာရှိပါဝင်ပင် သစ်ထုထည်များ တိုးပွားလာခြင်း၊ လျော့ကျလာခြင်း ကိန်းဂဏန်းအချက်အလက်များနှင့် သစ်တောများမှ စုတ်ယူသိုလှောင်သည့် ကာဗွန်ပမာဏကို ကာလအပိုင်းအခြားအလိုက် တိုင်းတာတွက်ချက်ရန် လိုအပ်ပါ၍ RS/GIS နည်းပညာများကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာပြီး နိုင်ငံအဆင့် သစ်တောဖုံးလွှမ်းမှု ပမာဏနှင့် ကာဗွန်တွက်ချက်ခြင်း လုပ်ငန်းစဉ်များကို ကာလအပိုင်းအခြားအလိုက် အချိန်တို အတွင်း တိကျစွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၁၃.၇.၂၀၁၇ ရက်နေ့ မွန်းလွဲ(၁၄:ဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား (ဂျပန်နိုင်ငံ မာကီဒိုရုက္ခဗေဒဥယျာဉ်(MBK)မှ ညွှန်ကြားရေးမှူးချုပ် Dr. Hajime Mizukani နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ၍ ဂျပန်နိုင်ငံ မာကီဒိုရုက္ခဗေဒ ဥယျာဉ်(MBK)နှင့် သစ်တောဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ရုက္ခဗေဒနှင့် အပင်မျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက် နိုင်ရေးနှင့် ပန်းပုံစံပြတိုက် အဆင့်မြင့်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ အားဆွေးနွေးခဲ့ကြပါသည်…

၁၀-၇-၂၀၁၇ ရက်နေ့ (၀၈:၄၀)နာရီ၌ ရှမ်းပြည်နယ်(လားရှိုး)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများသည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိရာ မဘိမ်းမြို့နယ်၊ ရွှေလီမြစ်ကြောင်းအတွင်းနှင့် ပတ်ဝန်းကျင်နေရာတို့မှ တရားမဝင်ကျွန်းသစ်လုံး(၁၄၆)လုံး (၂၁.၀၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရား မဝင်သစ်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

၉-၇-၂၀၁၇ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ဦးစီးအရာရှိ ခေါင်းဆောင်သော သစ်တောဦးစီးဌာန ဝန်ထမ်းများသည် သတင်းအရ တရားမဝင်သစ် ခိုး ယူသယ်ဆောင်ခြင်းအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ တောင်ငူမြို့နယ်၊ (၁)ရပ်ကွက်၊ ထီးလှိုင်လမ်းဘေးနေရာတွင် လမ်းခင်းကျောက်များဖြင့် ဖုံးအုပ်လျက် တရားမဝင် ပိတောက် ခွဲသား(၇.၉၅၄၂)တန်တင်ဆောင် ရပ်တန့်ထားသည့် ယာဉ်(၂)စီးအား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/ယာဉ်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာ ဖွေဖော်ထုတ်ရန် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်လျက်ရှိပါသည်။

၇-၇-၂၀၁၇ရက်နေ့(၀၉:၃၀)နာရီအချိန်ခန့်၌ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်ဦးစီးအရာရှိခေါင်းဆောင်သောသစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊လ.ဝ.ကနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ခိုးယူသယ်ဆောင်မှုများအား စုံစမ်းရှာဖွေလျက်ရှိရာ မြန်အောင်မြို့ နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၀၄/၅)အနီးတွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော တရားမဝင်ပိတောက်ခွဲသား (၃၈)ချောင်း (၃.၇၂၇၆)တန်ကို ယာဉ်အမှတ်၊ 8H/2657 Canter (၆)ဘီးယာဉ်ပေါ်မှ တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိပြီး၊ တရားမဝင်သစ်/ယာဉ်နှင့် တရားခံများအား ဥပဒေနှင့်အညီ တရား စွဲဆိုဆောင်ရွက်လျက်ရှိပါသည်။

၄-၇-၂၀၁၇ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်၍ ကောလင်း/ဝန်းသိုမြို့နယ် ဦးစီးအရာရှိများ နှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား တရားမဝင်သစ်ထွက်ရှိရာ တောတွင်းနေရာများတွင် ရှာဖွေဖော် ထုတ်ဖမ်းဆီးခဲ့ရာ ဝန်းသိုမြို့နယ်၊ ပြင်တဲကြိုးဝိုင်းအကွက်အမှတ် (၂၅၊ ၂၇)အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၁၂၀၉)လုံး/ချောင်း (၂၀.၃၁၆၉)တန်ကို သစ်စက် (၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/ သစ်စက်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

 

Pages